“ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ” နိုင်ငံတကာ ဆွေးနွေးပွဲများ၏ ကင်ညာ သီးသန့်ဆွေးနွေးပွဲကို နိုင်ရိုဘီမြို့၌ ကျင်းပ

(GMT+08:00)2024-07-31 16:02:25  

ဒေသစံတော်ချိန် ဇူလိုင်လ ၂၉ ရက်နေ့က China Media Groupမှ ဦးစီးကျင်းပသော “ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ” နိုင်ငံတကာ ဆွေးနွေးပွဲများ၏ ကင်ညာ သီးသန့်ဆွေးနွေးပွဲကို နိုင်ရိုဘီမြို့၌ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကင်ညာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhou Pingjian တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါဝင်သည့် ဧည့်သည်တော်များက အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ အရေးကြီးသော အဓိပ္ပာယ်နှင့် တရုတ်နှင့် ကင်ညာတို့သည် ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများကို အတူမျှဝေခြင်း စသည့်အကြောင်းအရာများ ကို ဆွေးနွေး ခဲ့ကြပါသည်။