အာရပ်နိုင်ငံများအဖွဲ့နှင့် CMGတို့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ချုပ်ဆို

(GMT+08:00)2024-07-31 15:56:20  

ဒေသ စံတော်ချိန် ဇူလိုင်လ ၃၀ရက်နေ့က အာရပ်နိုင်ငံများအဖွဲ့ အတွင်းရေးမှူးချုပ် Ahmed Aboul Gheitသည် အီဂျစ် နိုင်ငံ ကိုင်ရိုမြို့တော်တွင် အလည်အပတ် ရောက်ရှိနေသော တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ  Shen Haixiongနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ နှစ်ဖက်တို့သည် ယဉ်ကျေးမှု၊ အားကစား၊ မီဒီယာ ပူးပေါင်းဆောင်ရွက်ရေး၊ ဝန်ထမ်း ကူးလူးဖလှယ်ရေး စသည်များနှင့်ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ကိုလည်း ချုပ်ဆိုခဲ့ကြပါသည်။

      ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် Gheitက အာရပ်နိုင်ငံများ အဖွဲ့သည် China Media Groupနှင့် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို အမြဲ ထားရှိကြောင်း၊ CGTN အင်္ဂလိပ် ဘာသာ ချန်နယ်နှင့် အာရပ်ဘာသာ ချန်နယ်တို့၏ သတင်းထုတ်ပြန်ခြင်းသည်   တရားမျှတမှန်ကန်ပြီး ကမ္ဘာပေါ်တွင် အကောင်းဆုံး တီဗီ ချန်နယ် ဖြစ်ကြောင်း၊ အနာဂတ်တွင် China Media Groupနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး နက်ရှိုင်းစေပြီး အာရပ်-တရုတ် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု အတွက်  အခန်းကဏ္ဍ သစ်ကို ဖွင့်လှစ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

    Shen Haixiongက China Media Groupသည် ယခုအကြိမ် ပူးပေါင်းဆောင်ရွက်မှုကို အခွင့်ကောင်း အဖြစ် မှတ်ယူပြီး နိုင်ငံတကာ သတင်း ပူးပေါင်းရရှိခြင်းနှင့် ထုတ်ပြန်ခြင်း၊ ခေတ်မီ နည်းပညာ ဆန်းသစ်တီထွင်ရေးနှင့် သုတေသန ဖော်ထုတ်ရေး၊ လှုပ်ရှားမှုများ အတူ ကျင်းပခြင်း၊ ဝန်ထမ်း ကူးလူးဖလှယ်ရေး စသည့် နယ်ပယ်များတွင် အာရပ်နိုင်ငံများ အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး နက်ရှိုင်းစေပြီး တရုတ်-အာရပ်ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အရှိန်မြှင့်နိုင်အောင် တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။