“ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်း ပေးသည့် အခွင့်အလမ်းများ” နိုင်ငံတကာ ဆွေးနွေးပွဲများ၏ နီပေါ သီးသန့် ဆွေးနွေးပွဲကို ခတ္တမန္ဒူမြို့၌ အောင်မြင်စွာကျင်းပ

(GMT+08:00)2024-07-31 15:57:39  

ဒေသစံတော်ချိန် ဇူလိုင်လ ၃၀ရက်နေ့က China Media Groupမှ ဦးစီးကျင်းပသော “ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ” နိုင်ငံတကာ ဆွေးနွေးပွဲများ၏ နီပေါ သီးသန့်ဆွေးနွေးပွဲကို ခတ္တမန္ဒူမြို့၌ ကျင်းပခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားခဲ့သည်။  နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Song၊ နီပေါကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဘီရှ်နူ၊ နီပေါ နီပေါ-တရုတ် မီဒီယာဖိုရမ် ဥက္ကဋ္ဌ ရှ်ရေတာစ်တို့သည် ဆွေးနွေးပွဲသို့ တက်ရောက်ကြပြီး အမှာစကားများ ပြောကြားခဲ့ပါသည်။ နီပေါနိုင်ငံ တတ်သိ ပညာရှင်များ၊ မီဒီယာများ၊ ခတ္တမန္ဒူ တက္ကသိုလ်မှ ဆရာဆရာမနှင့်ကျောင်းသားကျောင်းသူများ စသည့် ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၁၂၀ ကျော် တက်ရောက်ခဲ့ကြသည်။