ဖိလစ်ပိုင် Cavite ပြည်နယ် ဒေသအချို့တွင် လောင်စာဆီ ယိုစိမ့်မှုကြောင့် ဘေးအန္တရာယ်အခြေအနေ ကြေညာ

(GMT+08:00)2024-07-31 16:35:34  

ဇူလိုင်လ ၃၁ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ Cavite ပြည်နယ် အုပ်ချုပ်ရေးမှူးက MT Terra Nova ရေနံတင်သင်္ဘော နစ်မြုပ်မှုကြောင့် လောင်စာဆီများသည် ယင်းပြည်နယ်မှ ကမ်းရိုးတန်းဒေသ အချို့သို့ ယိုစိမ့်သွားသည့်အတွက် ယင်းဒေသများတွင် ဘေးအန္တရာယ် အခြေအနေ ရောက်ရှိနေပြီဟု ကြေညာခဲ့သည်။

ယင်းပြည်နယ်တွင် ခရုများ ဖမ်းယူခြင်းကို ပိတ်ပင်ကြောင်းလည်း ကြေညာထားသည်။

ဇူလိုင်လ ၂၅ ရက်နေ့ နံနက်အစောပိုင်းတွင် ဖိလစ်ပိုင် နိုင်ငံတော် အလံ တင်ထားသော ရေနံတင်သင်္ဘော MT Terra Nova သည် ဖိလစ်ပိုင်နိုင်ငံ Bataan ပြည်နယ် Limay မြို့ အရှေ့ဘက် ပင်လယ်ပြင်တွင် နစ်မြုပ်သွားခဲ့သည်။ ယင်းသင်္ဘောပေါ်တွင် အမှုထမ်း ၁၇ ဦး ရှိပြီး ၎င်းတို့အနက် ၁၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ တစ်ဦး သေဆုံးခဲ့သည်။ ယင်း ရေနံတင်သင်္ဘောပေါ်တွင် လောင်စာဆီ လီတာ ၁.၄ သန်းကို သယ်ဆောင်ခဲ့ကြောင်း သတင်းအရ သိရှိရ သည်။