ပါလက်စတိုင်း ဟားမတ်စ်၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ခေါင်းဆောင် Ismail Haniyeh သည် အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြောင်း အီရန် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် ပြည်သူ့ဆက်ဆံရေးဌာနက ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်၌ ဖော်ပြခဲ့ပါသည်။
ထိုနေ့တွင် ဟားမတ်စ်အဖွဲ့သည် ၎င်းတို့၏ တရားဝင် ဝက်ဘ်ဆိုဒ်၌ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ၎င်းတို့၏ ခေါင်းဆောင် Haniyeh သည် တီဟီရန်တွင် အီရန်သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ပြီးနောက် အစ္စရေး၏ တိုက်ခိုက်မှုခံရပြီး သေဆုံးခဲ့ခြင်းအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြခဲ့ ပါသည်။