ဗဟိုနှင့် အစိုးရဌာနများက အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ တတိယ အကြိမ် စုံညီအစည်းအဝေး၏ ရည်မှန်းချက် အကြောင်းအရာများကို လေ့လာ သင်ယူ ဖော်ဆောင်ရေးနှင့် အစိုးရဌာနများမှ ပါတီအဖွဲ့များ အရည်အသွေးမြင့်မားစွာ တိုးတက်မှုကို တွန်းအားပေးရေးနှင့် ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အရေးကြီး ညွှန်ကြားချက် ကို ဖော်ပြခဲ့ပါသည်။ ရှီကျင့်ဖိန်က စုံညီအစည်းအဝေး၏ ရည်မှန်းချက် အကြောင်း အရာများကို လေ့လာ သင်ယူ ဖော်ဆောင်ရေးတွင် ရှေ့တန်းပြေး ဆောင်ရွက်ပြီး အစိုးရ ဌာနများမှ ပါတီအဖွဲ့များ၏ တည်ဆောက်ရေး အရည်အသွေးကို ဘက်စုံ မြှင့်တင်၍ စံပြ လုပ်ငန်းဌာနများ အဖြစ် တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အကြိမ် ၂၀ မြောက် ပါတီဗဟိုကော်မတီ တတိယ အကြိမ် စုံညီအစည်းအဝေး၏ ရည်မှန်းချက် အကြောင်းအရာများကို လေ့လာ သင်ယူ ဖော်ဆောင်ရေးတွင် ရှေ့တန်းပြေး ဆောင်ရွက်ပြီး လုပ်ငန်းဌာနများမှ ပါတီအဖွဲ့များ တည်ဆောက်ရေး အရည်အသွေးကို ဘက်စုံ မြှင့်တင်၍ စံပြလုပ်ငန်းဌာနများ အဖြစ် တည်ဆောက်ရမည်ဟု ရှီကျင့်ဖိန် ဆို
(GMT+08:00)2024-07-31 16:13:58