"ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်း ပေးသည့် အခွင့်အလမ်းများ" နိုင်ငံတကာ ဆွေးနွေးပွဲများ၏ ဘီလာရုစ် သီးသန့် ဆွေးနွေးပွဲကို အောင်မြင်စွာကျင်းပ

(GMT+08:00)2024-07-30 12:40:55  

ဒေသစံတော်ချိန် ဇူလိုင်လ ၂၉ ရက်နေ့က  China Media Groupမှ ဦးစီးကျင်းပသော "ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ" နိုင်ငံတကာ ဆွေးနွေးပွဲများ၏ ဘီလာရုစ်သီးသန့်ဆွေးနွေးပွဲကို Minsk ၌ အောင်မြင်စွာကျင်းပခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားခဲ့သည်။  ဘီလာရုစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Xie Xiaoyong က အဓိကမိန့်ခွန်းပြောကြားခဲ့ပြီး ဘီလာရုစ် အောက်လွှတ်တော် ကိုယ်စားလှယ်၊   ဘီလာရုစ် နိုင်ငံခြား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌNina Ivanova၊ ဘီလာရုစ် အမျိုးသားသိပ္ပံအကယ်ဒမီ၏ ဗဟိုသိပ္ပံနည်းပညာစာကြည့်တိုက် ခေါင်းဆောင် Stanislav Yuletskyတို့သည် ဆွေးနွေးပွဲသို့ တက်ရောက်ကြပြီး အမှာစကားများ ပြောကြားခဲ့ပါသည်။ ဘီလာရုစ်နိုင်ငံ မီဒီယာများ၊ တတ်သိ ပညာရှင်အဖွဲ့များ စသည့် နယ်ပယ် အသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၃၀ ကျော် တက်ရောက်ခဲ့ကြသည်။