ဇူလိုင်လ ၂၉ ရက်နေ့တွင် China Media Groupက ဦးစီးကျင်းပသော "ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ" နိုင်ငံတကာ ဆွေးနွေးပွဲနှင့် တရုတ်-စပိန် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုဆိုင်ရာ လှုပ်ရှားမှုများကို စပိန်နိုင်ငံ မက်ဒရစ်မြို့၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
တရုတ်နိုင်ငံပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက မိမိတို့သည် ကြွယ်ဝသော အရင်းအမြစ်များ၊ အံ့ဖွယ်ဖန်တီးမှုများနှင့် ခေတ်မီနည်းပညာများဖြင့် စပိန်နိုင်ငံနှင့် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်ရန်၊ ခေတ်သစ်တွင် ပိုမိုနက်ရှိုင်းသော ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကမ္ဘာ့အခွင့်အလမ်းများကို မျှဝေခံစားရန်နှင့် တရုတ်-စပိန် ယဉ်ကျေးမှု ရသများ မျှဝေခြင်းနှင့် အတူ သာယာဝပြောခြင်းကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။