မကြာခင်ရက်များက China Media Groupမှ ဦးစီးကျင်းပသော "ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ" နိုင်ငံတကာ ဆွေးနွေးပွဲများ၏ အာရှနှင့် ဥရောပ သီးသန့်ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Maria Zakharova ၊ တာဂျစ္စတန် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဥက္ကဋ္ဌ Ishak Masaliev ၊ တာဂျစ္စတန် ဝန်ကြီးချုပ်ဟောင်း Djoomart Otorbaev ၊ Eurasian စီးပွားရေး ကော်မရှင် တစ်ပြေးညီဖြစ်ရေးနှင့် မက်ခရို စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး Sergey Glazyev ၊ အာမေးနီးယား ဒုတိယဝန်ကြီးချုပ်ဟောင်း Vache Gabrielyan နှင့် ဥဇဘက် ကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Vladimir Norov စသည့် နိုင်ငံအသီးသီးမှ နိုင်ငံရေး ခေါင်းဆောင်များ၊ ပညာရှင်များနှင့် တရုတ်ဘက်မှ ကျွမ်းကျင်သူ ပညာရှင်များ တို့သည် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး ဒေသတွင်း ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ Belt and Road ကို အရည်အသွေးမြင့်မားစွာ ပူးတွဲတည်ဆောက်ရေးနှင့် တရုတ်နိုင်ငံ၏ ကျယ်ပြန့် နက်ရှိုင်းသော ပြုပြင်ပြောင်းလဲမှုများ ကမ္ဘာ့ကြီးအတွက် ဆောင်ကြဉ်းပေးသော အခွင့်အလမ်းသစ်များ စသည့် ခေါင်းစဉ်များနှင့်ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း ကူးလူးဖလှယ်ခဲ့ကြကြောင်း သတင်းအရ သိရပါသည်။
"ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ" နိုင်ငံတကာ ဆွေးနွေးပွဲများ၏ အာရှနှင့် ဥရောပ သီးသန့်ဆွေးနွေးပွဲ ကျင်းပ
(GMT+08:00)2024-07-30 12:20:55