လွန်ခဲ့သည့်ရက်များအတွင်း မြန်မာနိုင်ငံတွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွား၊ လူ ၃ ဦး သေဆုံးပြီး သောင်းချီ ဘေးသင့်

(GMT+08:00)2024-07-30 15:15:41  

လွန်ခဲ့သည့်ရက် များအတွင်း မြန်မာနိုင်ငံတွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီ၌ ရေကြီးမှု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦးထက်မနည်း သေဆုံးခဲ့သည်။ ရန်ကုန်နှင့် မော်လမြိုင်ကြား ရထမ်းလမ်း အစိတ်အပိုင်း ရေလွှမ်းမိုးနေသဖြင့် ရထားပြေးဆွဲမှု ရပ်နားထားရဟု ဒေသစံတော်ချိန် ဇူလိုင်လ ၃၀ ရက်နေ့က သတင်းအရ သိရပါသည်။

လွန်ခဲ့သည့်ရက်များအတွင်း မြန်မာနိုင်ငံ တောင်ပိုင်း ဒေသ အများစုတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခုကျော်ရှိ မြစ်ရေ ရေမှတ်များ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး ရေဘေးများ ဖြစ်ပွားသဖြင့် ပြည်သူ သောင်းနှင့်ချီ  အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်ဟု သတင်းအရ သိရှိရသည်။