ယခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း ပမာဏသည် ပထမဆုံးအကြိမ် ယွမ် ဘီလီယံ ၂၁၀၀၀ ကျော်လွန်ခဲ့

(GMT+08:00)2024-07-30 15:15:00  

တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့်နောက်ပိုင်း တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု နှစ်စဉ် ပျမ်းမျှ တိုးတက်မှု ပမာဏမှာ ဘီလီယံ ၁၆၀၀ နီးပါး ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် သွင်းကုန် ပို့ကုန် စုစုပေါင်းပမာဏသည် ဘီလီယံ ၄၁၇၆၀ ရှိပြီး ၂၀၂၃ ခုနှစ် နိုင်ငံတကာ ကုန်သွယ်မှု စာရင်းဇယားတွင် စတုတ္ထ နေရာ၌ တည်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကုန်စည် ကူးသန်းရောင်းဝယ်မှု စုစုပေါင်းပမာဏသည် ၇ နှစ် ဆက်တိုက် ကမ္ဘာ့ ပထမ ဖြစ်လာခဲ့ပြီး နိုင်ငံနှင့်ဒေသ ၁၅၀ ကျော်၏ အဓိက ကုန်သွယ်ရေး မိတ်ဖက် ဖြစ်လာပြီ ဖြစ်ကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း ပမာဏသည် ပထမဆုံးအကြိမ် ယွမ် ဘီလီယံ ၂၁၀၀၀ ကျော်လွန်ခဲ့ပြီး အတိုင်းအတာသည် စံချိန်သစ် တင်နိုင်ခဲ့ကြောင်း ဇူလိုင်လ ၃၀ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သတင်းရရှိပါသည်။