၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ဘေကျင်းမှာ ကျင်းပမည်

(GMT+08:00)2024-07-30 12:40:27  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying က ၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ဘေကျင်းမှာ ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယခုအကြိမ်ထိပ်သီးအစည်းအဝေး၏ ဆောင် ပုဒ်မှာ "ခေတ်မီရေးကို လက်တွဲ တွန်းအားပေးပြီး အရည်အချင်းမြင့် တရုတ်-အာဖရိက ကံကြမ္မာ အသိုင်း အဝိုင်းကို လက်တွဲတည်ဆောက်ခြင်း” ဖြစ်သည်။ တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်၏ အာဖရိကဘက်မှ ခေါင်းဆောင်များသည် ဖိတ်ကြားချက်အရ အစည်းအဝေးသို့တက်ရောက်မည်ဖြစ်ပြီး သက်ဆိုင်ရာ အာဖရိကဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် ထိပ်သီးအစည်း အဝေးနှင့် ပတ်သက်သည့် အစီအစဉ်များသို့ တက်ရောက်မည်ဖြစ်ကြောင်း သတင်းအရ သိရှိရ သည်။