ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ရှိ တျောက်ယူထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ် ရောက်ရှိ နေသော အီတလီ ဝန်ကြီးချုပ် Giorgia Meloni နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်-အီတလီ ဆက်ဆံရေး ကောင်းမွန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတကာအခြေအနေ လေးနက်စွာ ဆက်တိုက် ပြောင်းလဲနေသော်လည်း တရုတ်ဘက်၏ တရုတ်-အီတလီ ဆက်ဆံရေးကို တန်ဖိုးထားပြီး ဖွံ့ဖြိုးတိုးတက်စေသော ဆန္ဒ ပြောင်းလဲခြင်းမရှိကြောင်း၊ တရုတ်နှင့် အီတလီအကြား ပူးပေါင်းဆောင်ရွက်မှု၏ အပြန်အလှန် အကျိုးရှိစေရေး အခြေခံ သဘောတရား ပြောင်းလဲခြင်းမရှိကြောင်း၊ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုမှာ ပြောင်းလဲခြင်းမရှိကြောင်း အလေးထား ပြောကြားသည်။
Meloniက အီတလီဘက်သည် တရုတ်နိုင်ငံ၏ နိုင်ငံတကာ အဆင့်နေရာနှင့် အကျိုးဆောင်မှုကို အလွန်အလေးထားကြောင်း၊ သမိုင်းကြောင်း အစဉ်အလာ ကြာရှည်သော ပိုးလမ်းမကြီး စိတ်ဓာတ်ကို ဆက်ခံရန်၊ တရုတ်ဘက်နှင့် ပိုမို ရင်းနှီးပြီး အဆင့်ပိုမြင့်သော မိတ်ဖက်ဆက်ဆံရေးကို တည်ထောင်ရန်၊ အီတလီ-တရုတ် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တိုးတက်မှုအတွက် အကျိုးဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။