အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ၀က်ဘ်ဆိုက်တွင် ဇူလိုင်လ ၂၉ ရက်က ထုတ်ပြန်သော နောက်ဆုံးဒေတာများအရ အမေရိကန် ပြည်ထောင်စု အစိုးရ၏ ကြွေးမြီ ပမာဏမှာ အမေရိကန် ဒေါ်လာ ၃၅ ထရီလီယံ ကျော်သွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။ အမေရိကန် Peter G. Peterson ဖောင်ဒေးရှင်းမှ တွက်ချက်မှုအရ၊ ဤကြီးမားသော ကြွေးမြီများကို အမေရိကန်ပြည်သူများထံ ခွဲဝေပေးလျှင် လူတစ်ဦးစီ ကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀၄၀၀၀ ခန့် ကျသင့် မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။
အမေရိကန် အစိုးရ၏ ကြွေးမြီ ပမာဏမှာ အမေရိကန် ဒေါ်လာ ၃၅ ထရီလီယံ ရှိလာ
(GMT+08:00)2024-07-30 15:16:34