စပိန် နိုင်ငံ မက်ဒရစ် မြို့တော်ဝန်နှင့် CMGဥက္ကဋ္ဌ တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2024-07-30 12:37:27  

ဒေသ စံတော်ချိန် ယခုလ ၂၉ရက်နေ့က စပိန် နိုင်ငံ မက်ဒရစ် မြို့တော်ဝန် Martínez-Almeidaသည် မက်ဒရစ် မြူနီစပယ်ရုံးတွင် အလည်အပတ် ရောက်ရှိနေသော တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ  Shen Haixiongနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် နှစ်ဖက်တို့သည် အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်စေရေးနှင့် တရုတ်-စပိန် ချစ်ကြည်မှု တိုးမြှင့်ရေးနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

Shen Haixiongက မက်ဒရစ်မြို့သည် ကမ္ဘာပေါ်၌ ယဉ်ကျေးမှုနှင့် ခရီးသွား နယ်ပယ်မှ နာမည်ကျော်ကြားသည့် မြို့တစ်မြို့ ဖြစ်သည့် အတွက် တရုတ်-စပိန် ကူးလူးဖလှယ်မှုတွင် အရေးကြီးသည့် ပြတင်းပေါက် တစ်ခု ဖြစ်ကြောင်း၊ Real Madridသည် တရုတ် နိုင်ငံတွင် လူသိများကျော်ကြားသည့် ဘောလုံး အသင်း ဖြစ်ကြောင်း၊ မိမိတို့သည် မက်ဒရစ်မြို့နှင့် အတူ ရုပ်ရှင်၊ တီဗီ၊ ဘောလုံး၊ ခရီးသွား စသည့် နယ်ပယ်များတွင် အားဖြည့် ပူးပေါင်း ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

     Martínez-Almeidaက တရုတ်နှင့် စပိန် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုဖြင့် မက်ဒရစ်မြို့နှင့် ဘေကျင်းမြို့ အပါအဝင် တရုတ် နိုင်ငံမြို့များ အကြားရှိ ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှုများသည် တစ်နေ့တခြား ကျယ်ပြန့်လာကြောင်း၊ အထူးသဖြင့် China Media Groupမှ Euro Cupကို တိုက်ရိုက်ထုတ်လွှင့်မှုနှင့် Real Madrid အပေါ် အာရုံစူးစိုက်မှုသည် အားတက်စရာ ကောင်းကြောင်း၊ ၂၀၃၀ပြည့်နှစ်တွင် မက်ဒရစ်မြို့၌ World Cupပြိုင်ပွဲများကို ကျင်းပမည် ဖြစ်ကြောင်း၊ China Media Groupသည် ပထမတန်းစား ထုတ်လုပ်မှုနှင့် ထပ်ဆင့်ထုတ်လွှင့်မှု အရည်အချင်းဖြင့် ၂၀၃၀ပြည့်နှစ် World Cupပြိုင်ပွဲများကို တိုက်ရိုက် ထုတ်လွှင့်မှုများတွင် ပါဝင်ရန် မိမိတို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။