မလေးရှားနိုင်ငံသည် BRICS နိုင်ငံများပူးပေါင်းဆောင်ရွက်မှုစနစ်တွင် ပါဝင်ရန် အလှည့်ကျ သဘာပတိ နိုင်ငံ ရုရှားသို့ လျှောက်ထားပြီဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ်ရုံးက ဇူလိုင်လ ၂၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။
မကြာခင်က မလေးရှားဝန်ကြီးချုပ် Anwar သည် မလေးရှားနိုင်ငံ သို့ အလည်အပတ်ရောက်ရှိခဲ့သော ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov နှင့် တွေ့ဆုံစဉ် မလေးရှားနိုင်ငံသည် BRICS နိုင်ငံများပူးပေါင်းဆောင်ရွက်မှုစနစ်တွင် ပါဝင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။