ရှီကျင့်ဖိန်သည် အငြိမ်းစားယူ စစ်မှုထမ်းများ ရေးရာနှင့် ပတ်သက်ပြီး အရေးကြီးသည့် ညွှန်ကြားချက် ထုတ်ပြန်

(GMT+08:00)2024-07-29 15:52:23  

   တရုတ်ပြည်လုံးဆိုင်ရာ အငြိမ်းစားယူ စစ်မှုထမ်းများရေးရာ လုပ်ငန်းအစည်းအဝေးကို ဇူလိုင်လ ၂၉ ရက်နေ့က ဘေကျင်း၌ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အငြိမ်းစားယူ စစ်မှုထမ်းများရေးရာ လုပ်ငန်းနှင့် ပတ်သက်ပြီး အရေးကြီးသည့် ညွှန်ကြားချက် ထုတ်ပြန်၍ ချီမြှင့်ခံရသူနှင့် စံပြဌာနများအားလည်း လှိုက်လှဲစွာ ထောမနာ ပြုကာ အငြိမ်းစားယူ စစ်မှုထမ်းများရေးရာ လုပ်ငန်းများကို ဆောင်ရွက်သူပုဂ္ဂိုလ်များအား စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်သခဲ့ပါသည်။

    ရှီကျင့်ဖိန်က အငြိမ်းစားယူ စစ်မှုထမ်းများသည် ပါတီနှင့် နိုင်ငံတော်၏ တန်ဖိုးကြီး ရတနာနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးဆိုင်ရာ အရေးကြီး အင်အား ဖြစ်ကာ အငြိမ်းစားယူ စစ်မှုထမ်းများရေးရာ လုပ်ငန်းများသည် ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးနှင့် တပ်မတော် ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနှင့် သက်ဆိုင်ပါကြောင်း၊ အငြိမ်းစားယူ စစ်မှုထမ်းများ အနေနှင့် စစ်မှုထမ်း အဖြစ် တော်လှန်ရေး မူရင်းစိတ်ကို အဓွန့်ရှည်လာအောင် ထိန်းသိမ်းထားပြီး၊ ယုံကြည်စိတ် ရှိရှိဖြင့် နိုင်ငံ တော်အတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်ပေးကာ တရုတ်အသွင်ပုံစံ ခေတ်မီ ရေးဖြင့် အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ခြင်းကို တွန်းအား ပေး ရေး နှင့် မွန်မြတ်သော အမျိုးသား ရှင်သန်ရေး လုပ်ငန်းအတွက် ပိုမို ကြီးမားသည့် အကျိုးပြု စွမ်းဆောင်မှုသစ်များ ပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့ပါသည်။

   ယခုအကြိမ် အစည်းအဝေးတွင် တစ်ပြည်လုံးမှ အငြိမ်းစားယူ စစ်မှုထမ်း ၃၉၇ ဦး၊ အငြိမ်းစားယူ စစ်မှုထမ်းများရေးရာ စံပြဌာန ၁၀၀နှင့် စံပြပုဂ္ဂိုလ် ၈၀ တို့ကို ချီးမြှင့်ခဲ့ပါသည်။