ဒေသစံတော်ချိန် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ ဒုတိယ သမ္မတ ဟန်ကျင့်သည် ပါရီမြို့၌ နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ ဘာဟ်နှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဟန်ကျင့်သည် ရှေးဦးစွာ သမ္မတ ရှီကျင့်ဖိန်၏ နှုတ်ခွန်း ဆက်သ သည့်စကားကို တစ်ဆင့် ပြောပြခဲ့ပါသည်။ ဟန်ကျင့်က ပါရီ အိုလံပစ် အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားသည် ရသမြောက်လှပြီး တရုတ်နိုင်ငံက လှိုက်လှဲစွာ ထောမနာ ပြုပါကြောင်း၊ မျက်မှောက် နိုင်ငံတကာ အခြေအနေမျိုးတွင် အိုလံပစ် စိတ်ဓာတ်ကို ပိုမို ထွန်းကားစေရမည် ဖြစ်ပြီး ယခုအကြိမ် အိုလံပစ် အားကစားပြိုင်ပွဲသည် အထူး အရေး ကြီး သည့် အဓိပ္ပာယ် ပါရှိကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ အိုလံပစ် ကော်မတီနှင့် အရည်အချင်းမြင့် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် နက်ရှိုင်း စေလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။
ဘာဟ်ကလည်း သမ္မတ ရှီကျင့်ဖိန်အား မိမိ၏ နှုတ်ခွန်းဆက်သသည့်စကားကို ဟန်ကျင့်မှ တစ်ဆင့် ပြောပြပေးခိုင်းခဲ့ ပါသည်။ ဘာဟ်က တရုတ်နိုင်ငံသည် နိုင်ငံတကာ အိုလံပစ်လုပ်ငန်းကို တစ်လျှောက်လုံး အားပေးထောက်ခံခဲ့ကြောင်း၊ တရုတ် အားကစား ကိုယ်စားလှယ်အဖွဲ့သည် ထူးချွန်သော ကြိုးစားမှုဖြင့် ယခုအကြိမ် အိုလံပစ် အားကစားပြိုင်ပွဲ၏ အောင်မြင်မှုအတွက် အရေးကြီးသည့် အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။