ဟူနန်ပြည်နယ်တွင် ရေဘေး ကယ်ဆယ်ရေး အတွက် တရုတ် အစိုးရ ဌာနများသည် ဘေးဒဏ် ကယ်ဆယ်ရေး ပစ္စည်း ၁သောင်း ၅ထောင်ကို အရေးပေါ် သီးသန့် ထုတ်ပေး

(GMT+08:00)2024-07-29 13:05:02  

      ယခုလ ၂၉ရက်နေ့က ဟူနန်ပြည်နယ် ရှန်းထန် စသည့် ဒေသများမှ ရေဘေး ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်း၏ လိုအပ်ချက် အရ တရုတ် အမျိုးသား ဘေးဒဏ် ကာကွယ်ရေး၊ လျှော့ချရေးနှင့် ကယ်ဆယ်ရေး ကော်မရှင်ရုံး၊ အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော်စားနပ်ရိက္ခာနှင့် မဟာဗျူဟာ အရန်ပစ္စည်းဌာနတို့သည် မွေ့ရာ၊ နွေရာသီသုံး ဂွမ်းစောင်နှင့် အိမ်သုံး အရေးပေါ် ပစ္စည်းများ ထည့်ထားသည့် အိတ်စသည့် ဘေးဒဏ် ကယ်ဆယ်ရေး ပစ္စည်း ၁သောင်း ၅ထောင်ကို အရေးပေါ် သီးသန့် ထုတ်ပေးပြီး ဘေးသင့် ဒေသခံများအား အရေးပေါ် ပြောင်းရွှေ့ပေးရေး၊ ပြန်လည် နေရာ ချထားရေးနှင့် အခြေခံ နေထိုင်မှု ဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်ရန် ပံ့ပိုးပေးသည်။