ဒေသစံတော်ချိန် ဇူလိုင်လ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် China Media Groupမှ ဦးစီးကျင်းပသော "ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချ ပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ" နိုင်ငံတကာ ဆွေးနွေးပွဲများ၏ အာဖရိကလူငယ်များ သီးသန့်ဆွေးနွေးပွဲ၊ အာဖရိက မီဒီယာများ သီးသန့်ဆွေးနွေးပွဲ၊ နိုင်ဂျီးရီးယားနိုင်ငံ သီးသန့် ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ပါသည်။ နိုင်ဂျီးရီးယား၊ ဘာကီနာဖာဆို၊ ချာ့ဒ် စသည့် အာဖရိကနိုင်ငံများမှ နိုင်ငံရေး ခေါင်းဆောင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ မီဒီယာများမှ ကိုယ်စားလှယ်များနှင့် KOL ခေါင်းဆောင်များသည် ခေတ်သစ်တွင် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် အာဖရိကနိုင်ငံများအတွက် ဆောင်ကြဉ်းပေးလာသည့် အရေးကြီး အခွင့်အလမ်း အကြောင်းများကို ဆွေးနွေးခဲ့ကြပါသည်။
"ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ" နိုင်ငံတကာ ဆွေးနွေးပွဲများ၏ အာဖရိက သီးသန့်ဆွေးနွေးပွဲများ ကျင်းပ
(GMT+08:00)2024-07-29 10:47:30