ဒေသစံတော်ချိန် ဇူလိုင်လ ၂၈ရက်နေ့က အစ္စရေးထောက်လှန်းရေးနှင့် အထူး လုပ်ဆောင်ရေးဌာန(Mossad) ဒါရိုက်တာBarnea ၊ အမေရိကန်ဗဟိုထောက်လှန်းရေးဗျူရို ဒါရိုက်တာ Burns ၊ ကာတာနိုင်ငံ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mohammed နှင့် အီဂျစ် ထောက်လှန်းရေး အထွေထွေညွှန်ကြားရေးမှူးရုံး ဒါရိုက်တာ Abbas Kamelတို့သည် အီတလီနိုင်ငံ ရောမမြို့၌ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြပါသည်။ ဂါဇာဒေသ အပစ်အခတ် ရပ်စဲရေးနှင့် အဖမ်းခံရသူများကိုလွှဲပြောင်းခြင်းစာချုပ်နှင့်ပတ်သက်ပြီး ယင်းမတိုင်ခင်က အစ္စရေးဝန်ကြီးချုပ် Netanyahuမှ တင်ပြခဲ့သောတောင်းဆိုချက်သစ်များနှင့်စပ်လျဉ်း၍ ဘက်အသီးသီးတို့သည် ဆွေးနွေးခဲ့ကြပါသည်။ အစ္စရေး၏ရပ်တည်ချက်သည် ယခင်ကထက် ပိုမိုတင်းမာသောကြောင့် ယခုအကြိမ် ဆွေးနွေးပွဲတွင် တိုးတက်မှုမရရှိနိုင်ကြောင်း Israeli Public Broadcasting Corporationမှ သတင်းအရ သိရပါသည်။
အစ္စရေးသည် တင်းမာသောရပ်တည်ချက်ကို စွဲကိုင်ထားသောကြောင့် ဂါဇာဒေသဆိုင်ရာ အပစ် အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် အောင်မြင်မှု မရနိုင်
(GMT+08:00)2024-07-29 13:03:49