၈ ကြိမ်မြောက် တောင်အာရှကုန်စည်ပြပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပမာဏမှာ စုစုပေါင်း ယွမ် ၁၀ ဘီလီယံကျော်ရှိ

(GMT+08:00)2024-07-29 11:24:57  

၈ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ယခုလ ၂၈ ရက်နေ့က ယူနန်ပြည်နယ် ကူမင်းမြို့မှာ ကျင်းပပြီးစီးခဲ့သည်။ ယခုအကြိမ်ကုန်စည်ပြပွဲအတောအတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုပမာဏမှာ စုစုပေါင်း ယွမ် ၁၀ ဘီလီယံကျော်ရှိပြီး ဇူလိုင်လ ၂၇ ရက်နေ့အထိ ချုပ်ဆိုထားသော ပြည်တွင်းနှင့် ပြည်ပကုန်သွယ်မှုစာချုပ်များ၏ တန်ဖိုးသည် ယွမ် ၈ ဘီလီယံ ကျော်ရှိကာ အွန်လိုင်းနှင့် အော့ဖ်လိုင်းရောင်းချမှုပမာဏမှာ ယွမ် သန်း ၅၀၀ ကျော်လွန်ခဲ့ ကြောင်း သတင်းအရ သိရှိရ သည်။