ဂျပန်ပြည်သူများသည် ဂျပန်-အမေရိကန် မဟာမိတ်အဖွဲ့ ဆက်ဆံမှု တိုးမြှင့်ရေးကို ဆန့်ကျင်သည့် အနေဖြင့် ဆန္ဒပြ လှည့်လည်ပွဲ ကျင်းပ

(GMT+08:00)2024-07-29 13:04:38  

ဒေသ စံတော်ချိန် ယခုလ ၂၈ရက်နေ့က ဂျပန်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှင့် ကာကွယ်ရေး ဝန်ကြီးများ (“2+2”)အစည်းအဝေးနှင့် နှစ်နိုင်ငံ ကာကွယ်ရေး ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးများကို ဂျပန် နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့ပါသည်။ ဂျပန်နှင့် အမေရိကန်တို့မှ စစ်ရေး စသည့် နယ်ပယ်များတွင် မဟာမိတ်အဖွဲ့ ဆက်ဆံမှု တိုးမြှင့်ပြီး ဒေသတွင်း အခြေအနေကို မတည်မငြိမ် ဖြစ်စေခြင်းအား ဆန့်ကျင်သည့် အနေဖြင့် ထိုနေ့တွင် ဂျပန် ပြည်သူများစွာသည် အစည်းအဝေးများ ကျင်းပရာနေရာ အနီးတစ်ဝိုက်၌ ဆန္ဒပြ  လှည့်လည်ပွဲကို ကျင်းပခဲ့ပါသည်။

ထိုနေ့က ဆန္ဒပြသူများသည် အိုကီနာဝါ ဆိုင်ရာ အမေရိကန် တပ်ဖွဲ့၏ ဆိုးရွားသည့် ပြုမူဆောင်ရွက်ချက်များကို ထပ်မံ ပြစ်တင်ရှုတ်ချပြီး ဒေသတွင်း အခြေအနေကို မတည် မငြိမ် ဖြစ်စေသည့် အမေရိကန်နှင့် ဂျပန် နှစ်နိုင်ငံ အစိုးရ၏ ဆောင်ရွက်မှုများအား ဂျပန် ပြည်သူများ အနေနှင့် အတူတကွ ဆန့်ကျင်သင့်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။