ပေကျင်းမြို့၏ ဗဟိုအလယ်မျဉ်းကို ကမ္ဘာ့ အမွေအနှစ် အမည်စာရင်းတွင် ထည့်သွင်း

(GMT+08:00)2024-07-28 13:08:00  

ဒေသစံတော်ချိန် ဇူလိုင်လ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပခဲ့သော ၄၆ ကြိမ်မြောက် ယူနက်စကို ကမ္ဘာ့ အမွေအနှစ် ညီလာခံတွင် တရုတ်နိုင်ငံမှ တင်ပြသော “ပေကျင်းမြို့၏ ဗဟိုအလယ်မျဉ်း ၊ တရုတ်နိုင်ငံမှ စံပြမြို့တော်စီမံခန့်ခွဲမှု”ကို ကမ္ဘာ့ အမွေအနှစ် အမည်စာရင်းတွင် တရားဝင် ထည့်သွင်းခဲ့သည်။ လက်ရှိအချိန်အထိ တရုတ်နိုင်ငံမှ ကမ္ဘာ့ အမွေအနှစ် စုစုပေါင်း ၅၉ ခု ရှိကြောင်း သတင်းအရ သိရပါသည်။