ဒေသစံတော်ချိန် ဇူလိုင်လ ၂၆ ရက်နေ့က China Media Groupမှ ဦးစီးကျင်းပသော "ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ" နိုင်ငံတကာ ဆွေးနွေးပွဲများ၏ သီးသန့်ဆွေးနွေးပွဲကို နီကာရာဂွါ နိုင်ငံ မန်ဂွါမြို့၌ အောင်မြင်စွာ ကျင်းပခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားခဲ့သည်။ နီကာရာဂွါဆိုင်ရာ တရုတ် သံအမတ်ကြီး ချန်ရှိ၊ နီကာရာဂွါ အမျိုးသား သတင်းနှင့် ပြည်သူ့ရေးရာ ကောင်စီ ဥက္ကဋ္ဌ အိုတကာ၊ နီကာရာဂွါ ပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ဘူစတာမွန်၊ နီကာရာဂွါ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် ကျောင်းအုပ်ဆရာကြီး ဖေရေ့စ်နှင့် နီကာရာဂွါ ဗဟိုဘဏ် ဥက္ကဋ္ဌ ရီယက်စ် တို့ ဆွေးနွေးပွဲသို့ တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ကြပါသည်။ ယင်းဆွေးနွေးပွဲသို့ နီကာရာဂွါ တတ်သိပညာရှင်များအဖွဲ့ မှ ကျွမ်းကျင်သူ ပညာရှင်များ၊ မီဒီယာများမှ ကိုယ်စားလှယ်များ၊ နီကာရာဂွါ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် မှ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အပါအဝင် လူပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်။