ဇူလိုင်လ၂၇ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ဗီယင်ကျန်း၌ ကျင်းပသည့် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား (၁၀+၃) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ဝမ်ယိက တရုတ်နိုင်ငံသည် ဘက်အသီးသီးတို့နှင့်အတူ ဒေသတွင်းမူဘောင်အောက်မှာ အာဆီယံ၏ဗဟိုချက်မနေရာကို ဆက်လက်ထောက်ခံအားပေးပြီး ၁၀+၃ ယန္တရား၏အခန်းကဏ္ဍကို အပြည့်အဝပါဝင်ဆောင်ရွက်ကာ သမားရိုးကျနယ်ပယ်များက ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာလုပ်ဆောင်၍ ထွန်းသစ်စနယ်ပယ်များက ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုတွင် တွန်းအားသစ်များ ထည့်သွင်းကာ ဒေသတွင်း ပြည်သူများအတွက် မျှော်လင့်ချက်သစ်များ ဆောင်ကြဉ်းပေးလိုကြောင်း ပြောကြားပါသည်။