မကြာမီက ဗဟို ရှင်းလင်း တင်ပြရေးအဖွဲ့ဝင်များသည် ကွမ်တုန်း ပြည်နယ်၊ ဖူကျန့် ပြည်နယ် စသည့် ဒေသများ၌ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် စုံညီအစည်းအဝေး၏ ရည်မှန်းချက် အကြောင်းအရာများကို ရှင်းလင်း တင်ပြခဲ့ကြပါသည်။ ၎င်းတို့သည် ဒေသခံ အစိုးရဌာနများမှ ကေဒါများ၊ ပြည်သူလူထုများနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
ဗဟို ရှင်းလင်းတင်ပြရေးအဖွဲ့ဝင် ဖြစ်သူ ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ကွမ်တုန်းပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး ဟွမ်ခွန်းမင်က ဇူလိုင်လ ၂၇ ရက်နေ့တွင် ကွမ်ကျိုးမြို့၌ ရှင်းလင်းတင်ပြမှုများ ပြုလုပ်ရာတွင် ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီမှု တွန်းအားပေးရေး၏ ခေတ်နှင့် သမိုင်းဝင် နောက်ခံအကြောင်းအရာ၊ လုပ်ငန်းတာဝန်များ၊ ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေး၏ လမ်းညွှန် အတွေးအခေါ်၊ အထွေထွေ ရည်မှန်းချက်နှင့် အဓိက မူများကို လေးနက်စွာ ရှင်းလင် ပြောကြားခဲ့ပါသည်။