ဇူလိုင်လ ၂၇ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင်က Ren'ai ကျောက်တန်းသို့ ထောက်ပံ့မှုပစ္စည်း ပို့ဆောင်ခြင်းနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက Ren'ai ကျောက်တန်း အခြေအနေ ထိန်းချုပ်ရေးဆိုင်ရာ တရုတ်နှင့် ဖိလစ်ပိုင်တို့ ရရှိခဲ့သည့် ယာယီအစီအစဉ်အရ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တရုတ် ပင်လယ်စောင့်ကြပ်ရေး ရဲတပ်က ဖြစ်စဉ်တစ်ရပ်လုံး ကြပ်မတ်ခြင်းဖြင့် ဖိလစ်ပိုင်သည် နေ့စဉ်သုံး ပစ္စည်းများ ပို့ဆောင်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ပို့ဆောင်မှုသည် တရုတ်နိုင်ငံအား ကြိုတင် အကြောင်းကြားပြီးမှ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပို့ဆောင်သည့် ပစ္စည်းများသည် လူသားချင်း စာနာထောက်ထားရေး နေထိုင်မှုဘဝဆိုင်ရာ ပစ္စည်းများ ဖြစ်ခြင်းကို အတည်ပြုခဲ့ပြီးနောက် ပို့ဆောင်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဖိလစ်ပိုင်က Ren'ai ကျောက်တန်းသို့ ထောက်ပံ့မှုပစ္စည်း ပို့ဆောင်ခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြား
(GMT+08:00)2024-07-28 13:01:19