ဇူလိုင်လ ၂၇ ရက်နေ့တွင် ၁၄ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အစည်းအဝေး တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။
ဝမ်ယိက လက်ရှိ နိုင်ငံတကာအခြေအနေသည် ရှုပ်ထွေးပြီး ပြောင်းလဲမှု များပြားကြောင်း၊ အရှေ့အာရှထိပ်သီးအစည်းအဝေးသည် ဦးတည်ချက်မှန်ကို ဆုပ်ကိုင်ပြီး စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ဒေသတွင်း ရေရှည် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို တွန်းအားပေးရန်နှင့် နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအတွက် တရုတ်နိုင်ငံက အချက်လေးချက်ကို အဆိုပြုပါကြောင်း၊ ပထမအချက်မှာ တံခါးဖွင့်ပြီး သက်ညာထောက်ထားသော ဒေသဆိုင်ရာ အခြေအနေကို အတူ ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ ဘက်အသီးသီးတို့က အသိအမှတ်ပြုထားသော ဒေသဆိုင်ရာ စည်းမျဉ်းများကို အတူလိုက်နာရမည်ဖြစ်ကြောင်း၊ တတိယအချက်မှာ အပြန်အလှန် ဆက်သွယ်ထားသော အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို အတူ မြှင့်တင်ရမည်ဖြစ်ကြောင်း၊ စတုတ္ထအချက်မှာ အရှေ့အာရှ ထိပ်သီးအစည်းအဝေး၏ ထိရောက်မှုနှင့် တက်ကြွမှုကို ပူးပေါင်းလှုံ့ဆော်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။