ဒေသစံတော်ချိန် ဇူလိုင်လ ၂၇ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဗီယင်ကျန်းမြို့၌ အရှေ့အာရှနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ်အတွင်း တောင်ပင်လယ်ရေးရာနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ သဘောထား ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့သည်။
ဝမ်ယိက Ren'ai ကျောက်တန်းသည် တရုတ်နိုင်ငံ၏ ရှိရင်းစွဲ ပိုင်နက်နယ်မြေ ဖြစ်ကြောင်း၊ ဖိလစ်ပိုင်သည် စစ်သင်္ဘောဖြင့် "တရားမဝင် သောင်တင်ခြင်း" နည်းလမ်းဖြင့် Ren'ai ကျောက်တန်းဆိုင်ရာ အခြေအနေကို တစ်ဖက်သတ် ပြောင်းလဲခြင်းနှင့် ယင်းကို ရေရှည် ကင်းစခန်းအဖြစ် ပြောင်းလဲရန် ကြံဆခြင်းသည် "တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာချက်"ပါ ပုဒ်မ(၅)ကို ပြင်းထန်စွာ ဖောက်ဖျက်သည့်အပြင် ၎င်း၏ တရုတ်ပြည်အား ကြိမ်ဖန်များစွာ ကတိပြုခြင်းကိုလည်း ကျောခိုင်းခဲ့ကြောင်း၊ မကြာမီက တရုတ်နိုင်ငံသည် လူသားချင်း စာနာထောက်ထားမှု အရ Ren'ai ကျောက်တန်း အခြေအနေ ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်နှင့် ယာယီ အစီအမံ ရရှိခဲ့ပြီး ဖြစ်စဉ်တစ်ခုလုံး ကြပ်မတ်သည့် အခြေအနေတွင် ဖိလစ်ပိုင်အား နေထိုင်မှုဆိုင်ရာပစ္စည်းများ ထောက်ပံ့မှု ပြုလုပ်ရန် သဘောတူခဲ့ကြောင်း၊ ဖိလစ်ပိုင် အနေနှင့် ကတိပြုချက်ကို လိုက်နာပြီး မလိုအပ်သော ပြဿနာရပ်များ ပြန်မဖြစ်အောင် ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။