ဒေသစံတော်ချိန် ဇူလိုင်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တွင် China Media Groupမှ ဦးစီးကျင်းပသော "ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ" နိုင်ငံတကာ ဆွေးနွေးပွဲများ၏ အီဂျစ် သီးသန့်ဆွေးနွေးပွဲ၊ အယ်လ်ဂျီးရီးယား သီးသန့်ဆွေးနွေးပွဲ နှင့် အာရပ်စော်ဘွားများနိုင်ငံ သီးသန့်ဆွေးနွေးပွဲတို့ကို အောင်မြင်စွာ ကျင်းပခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများမှ ခေါင်းဆောင်များ၊ ကျွမ်းကျင်သူပညာရှင်များ၊ KOL ခေါင်းဆောင်များ၊ လူငယ်ကိုယ်စားလှယ်များတို့သည် တရုတ် ဧည့်သည်များနှင့်အတူ Belt and Road ကို အရည်အသွေးမြင့်မားစွာ တည်ဆောက်ရေး၊ တရုတ်-အရှေ့အလယ်ပိုင်းဒေသနိုင်ငံများ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့် တရုတ် ပြုပြင်ပြောင်းလဲမှု ဘက်စုံ နက်ရှိုင်းစေရေး၏ တစ်ကမ္ဘာလုံးအတွက် အခွင့်အလမ်းသစ် စသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး နက်ရှိုင်းစွာ ကူးလူးဖလှယ်ခဲ့ကြသည်။
"ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ" နိုင်ငံတကာ ဆွေးနွေးပွဲများ၏ အရှေ့အလယ်ပိုင်းဒေသ သီးသန့်ဆွေးနွေးပွဲ ကျင်းပ
(GMT+08:00)2024-07-28 13:02:41