ဝမ်ယိသည် ၃၁ ကြိမ်မြောက် အာဆီယံဒေသဖိုရမ်၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်

(GMT+08:00)2024-07-28 13:01:45  

   ဒေသစံတော်ချိန် ဇူလိုင်လ ၂၇ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဗီယင်ကျန်းမြို့၌ ကျင်းပသော ၃၁ ကြိမ်မြောက် အာဆီယံဒေသဖိုရမ်၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

   အစည်းအဝေးတွင် ဝမ်ယိက မျက်မှောက်အချိန်တွင် မိမိတို့သည် မတည်မငြိမ် ဖြစ်ပြီး ရှုပ်ထွေးမှုများ ရောထွေးနေသော ခေတ်ကာလ၌ တည်ရှိနေကာ ဒေသတွင်း အငြင်းပွားမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ပထဝီဝင် ထိပ်တိုက်ရင်ဆိုင်မှု တိုးများလာ၍ ရာသီဥတု ပြောင်းလဲမှု၊ အကြမ်းဖက်မှု၊ ဆိုက်ဘာ လုံခြုံမှု စသည့် လုံခြုံမှုဆိုင်ရာ စိန်ခေါ်မှုသစ်များ ဆက်တိုက် ဖြစ်ပွားနေပြီး တစ်ဖက်သတ်ဝါဒနှင့် စစ်အေးတိုက်ပွဲ အတွေးအခေါ်များလည်း ပြန်စလာနေကြောင်း၊ အာဆီယံ ဒေသဖိုရမ်သည် အာဆီယံအဖွဲ့က ဦးဆောင်သည့်၊ အာရှ ပစိဖိတ်ဒေသ၌ အဓိက အကျဆုံးဖြစ်သည့် ဘက်ပေါင်းစုံ လုံခြုံမှု ဆွေးနွေးရေး ပလက်ဖောင်း အဖြစ် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် အရေးကြီးသည့် အကျိုးပြု စွမ်းဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

   ဝမ်ယိသည် လက်ရှိ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အချက်လေးချက်ကို အဆိုပြုထားပါသည်။ ယင်းတို့သည် ငြိမ်းချမ်းရေး ရည်မှန်းချက်ကို စွဲကိုင်ရခြင်း၊ အာဆီယံ အသွင်ပုံစံကို စွဲကိုင်ရခြင်း၊ ပူးပေါင်းဆောင်ရွက်ရေး အခြေခံ ခိုင်ခံ့အောင် ဆောင်ရွက်ရခြင်းနှင့် တိုင်ပင်ဆွေးနွေးမှုကို စွဲကိုင်ရခြင်းတို့ ဖြစ်ပါသည်။