ပစိဖိတ်သမုဒ္ဒရာရဲ့ အနောက်တောင်ပိုင်းမှာ တရုတ်နိုင်ငံနဲ့ ဝေးလံလှပေမယ့် နက်ရှိုင်းတဲ့ချစ်ကြည်ရေးရှိတဲ့ နိုင်ငံတစ်နိုင်ငံ ရှိပါတယ်။ အဲ့ဒီနိုင်ငံကတော့ ဗနွားတူနိုင်ငံ ဖြစ်ပါတယ်။ ဒီကနေ့ အတူဆွေးနွေးမယ့်ဧည့်သည်တော်ကတော့ ဗနွားတူနိုင်ငံဝန်ကြီးချုပ် Charlot Salwai ဖြစ်ပါတယ်။
တရုတ်နိုင်ငံသို့ ထပ်မံလာရောက်ချိန်မှာ တရုတ်နိုင်ငံရဲ့ အောင်မြင်မှုတွေက သူ့ကို အလွန်စိတ်လှုပ်ရှားစေခဲ့တယ်လို့ ဝန်ကြီးချုပ် Charlot Salwai က ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေ နီးကပ်စွာ ပေါင်းစပ်လုပ်ဆောင်မှုကို လေ့လာသင်ယူနိုင်မယ်လို့ မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံက ဗနွားတူနိုင်ငံကို မိတ်ဆွေနဲ့ ညီအစ်ကိုအဖြစ် သတ်မှတ်တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ်မှာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ပြီး အတူတကွဖွံ့ဖြိုးတိုးတက်နိုင်ရန် မျှော်လင့်ကြောင်း သူက ပြောကြားခဲ့ပါတယ်။
အင်တာဗျူးမှာ တရုတ်နိုင်ငံက ကာလကြာရှည်စွာ ဗနွားတူနိုင်ငံရဲ့ လက်တွေ့လိုအပ်ချက်များနဲ့အတူ စိတ်ရင်းမှန်နဲ့ ကူညီပေးမှုအပေါ် ဝန်ကြီးချုပ် Charlot Salwai က အလွန်ကျေးဇူးတင်နေတာကို သေသေချာချာ ခံစားမိပါတယ်။ နှစ်နိုင်ငံအကြား အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ စိမ်းလန်းစွာ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လိုတဲ့ သူ့ရဲ့မျှော်လင့်ချက်တွေကိုလည်း ခံစားမိပါတယ်။ အနာဂတ်မှာ နှစ်နိုင်ငံအကြား ဆွေးနွေးဆက်သွယ်မှုများ အားကောင်းလာစေရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းလာစေရန်၊ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အဆင့်မြှင့်တင်နိုင်ရန်၊ ခေတ်သစ်မှာ တရုတ်-ဗနွားတူ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်နိုင်ရန် မျှော်လင့်ပါတယ်။