ဒေသစံတော်ချိန် ဇူလိုင်လ ၂၇ ရက်နေ့က China Media Group နှင့် စပိန်နိုင်ငံမှ Group MEDIAPRO တို့သည် ဘာစီလိုနာ ၌ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်ဖက်တို့သည် မီဒီယာ အရင်းအမြစ် မျှဝေရေး၊ အစီအစဉ် ထုတ်လုပ်မှုနှင့် နည်းပညာသစ်များ ဆန်းသစ်တီထွင်မှုနှင့် အသုံးချမှု စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ နှင့် Group MEDIAPRO ဥက္ကဋ္ဌ ဘန်နက် တို့သည် နှစ်ဖက်ကိုယ်စား စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
China Media Group နှင့် MEDIAPRO တို့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ချုပ်ဆို
(GMT+08:00)2024-07-28 13:03:37