ကမ္ဘာတစ်ဝှမ်းတွင် စံချိန်တင် အပူဆုံး သုံးရက်၊ အပူချိန်မြင့်တက်လာမှု၏ စိန်ခေါ်မှုကို ရင်ဆိုင်ရမည်ဟု ဂူတာရက်စ်ဆို

(GMT+08:00)2024-07-27 11:58:11  

ကုလသမဂ္ဂဝက်ဆိုဒ်မှသတင်းအရ လွန်ခဲ့သည့် ဇူလိုင်လ ၂၁၊ ၂၂ နှင့် ၂၃ ရက်နေ့တို့သည် စံချိန်တင် အပူဆုံး ၃ ရက်ဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဖော်ပြခဲ့သည်။

အပူချိန်လွန်ကဲမှုသည် လူသားများနှင့် ကမ္ဘာဂြိုဟ်အပေါ် လွန်ကဲစွာ သက်ရောက်မှုရှိနေပြီး ကမ္ဘာကြီးသည် အပူချိန်မြင့်တက်လာခြင်း၏ စိန်ခေါ်မှုကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း  ဂူတာရက်စ်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။