"ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ" နိုင်ငံတကာ ဆွေးနွေးပွဲများကို လာအို၊ သီရိလင်္ကာနှင့် အင်ဒိုနီးရှား၌ ကျင်းပ

(GMT+08:00)2024-07-27 11:51:41  

 

  China Media Groupမှ ဦးစီးကျင်းပသော "ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ" နိုင်ငံတကာ ဆွေးနွေးပွဲများကို မကြာမီက လာအို၊ သီရိလင်္ကာနှင့် အင်ဒိုနီးရှားနိုင်ငံများ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ သီရိလင်္ကာ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဗီလာစင်ကာ၊ လာအိုနိုင်ငံ ကွန်မြူနစ်လူငယ်များအဖွဲ့ ဗဟိုကော်မတီ ဒုတိယ အတွင်းရေးမှူးချုပ် ဘူမီပန် အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ လူငယ် ကိုယ်စားလှယ်တို့သည် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် စုံညီအစည်းအဝေး၏ အာရှ နိုင်ငံများအတွက် နက်ရှိုင်းသော အရေးကြီး အဓိပ္ပာယ်များ၊ တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ စသည့် အကြောင်းများကို ဆွေးနွေးခဲ့ကြပါသည်။

   ဆွေးနွေးပွဲ တက်ရောက်သူများက တရုတ်နိုင်ငံ၏ အောင်မြင်မှုသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုနှင့် ခွဲမရကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်ကို ကမ္ဘာ့နိုင်ငံများက သင်ယူလေ့လာကိုးကားနိုင်ကြောင်း၊ တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချပြုလုပ်ခြင်းသည် ကမ္ဘာ့နိုင်ငံ အသီးသီးတို့၏ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။