တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဗီယင်ကျန်း၌ ကျင်းပ

(GMT+08:00)2024-07-27 12:01:04  

ဇူလိုင်လ ၂၆ ရက်နေ့တွင် တရုတ်-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်-အာဆီယံ ဆက်ဆံရေး ညှိနှိုင်းရေးနိုင်ငံများမှ ကိုယ်စားလှယ်နှင့်အတူ ဦးစီးကျင်းပခဲ့ပါသည်။ ဝမ်ယိက ယခုနှစ်များတွင် တရုတ်-အာဆီယံ ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရေးသည် ခိုင်မာသောခြေလှမ်းများဖြင့် လျှောက်လှမ်းနိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အရှေ့တောင် အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန်သဘောတူစာချုပ်ကို ရှေးဦးစွာ လက်မှတ်ရေးထိုးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။ ဝမ်ယိက တောင်ပင်လယ်အရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ မူရပ်တည်ချက်ကို အသေးစိတ် ရှင်းပြခဲ့ပါသည်။

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ဘက်အသီးသီးက ချီးကျူးခဲ့ကြပြီး "တောင်ပင်လယ်ဆိုင်ရာ ဆောင်ရွက်ချက်မူ"ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွင် အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိခြင်းကို ကြိုဆိုပါ ကြောင်း ပြောကြားခဲ့ကြသည်ဟု သတင်းအရ သိရှိရသည်။