တရုတ်ပင်လယ်ကမ်းခြေစောင့်ကြပ်ရေးဦးစီးဌာနပြောရေးဆိုခွင့်ရှိသူက ဖိလစ်ပိုင်သည် Ren'ai Reef စစ်သင်္ဘောအား ထောက်ပံ့ရေးပစ္စည်းများ ပံ့ပိုးမှုနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်

(GMT+08:00)2024-07-27 14:59:52  

တရုတ်ပင်လယ်ကမ်းခြေစောင့်ကြပ်ရေးဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ Gan Yu က ဇူလိုင်လ ၂၇ ရက်နေ့တွင် တရုတ်နှင့်ဖိလစ်ပိုင်တို့၏ ယာယီအစီအစဉ်အရ ဖိလစ်ပိုင်သည် Ren'ai Reef ရှိ ၎င်း၏စစ်သင်္ဘောကို နေ့စဉ် သုံး ပစ္စည်းများ ပို့ဆောင်ရန် အရပ်သားသင်္ဘောတစ်စင်း စေလွှတ်ခဲ့ကြောင်း၊ ဒါကို တရုတ် ပင်လယ် ကမ်းခြေစောင့်ကြပ်ရေးရဲတပ်ဖွဲ့က အတည်ပြုပြီး ဖြစ်စဉ်တစ်ခုလုံးကို ကြီးကြပ် ခဲ့ကြောင်း၊ ဖိလစ်ပိုင် သည် ၎င်း၏ ကတိကဝတ်များကို လိုက်နာပြီး ပင်လယ်ဆိုင်ရာ အခြေအနေကို ပူးတွဲ စီမံခန့်ခွဲ ထိန်းချုပ် ရန် တရုတ်နှင့် လက်တွဲဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း၊ တရုတ်ပင်လယ် ကမ်းခြေ စောင့်ကြပ်ရေး ရဲတပ်ဖွဲ့သည် Ren'ai Reef အပါအဝင် နန်ရှား ကျွန်းစုနှင့်အနီးတစ်ဝိုက်ပင်လယ်များတွင်  အခွင့်အရေး ကာကွယ်ရေးနှင့် ဥပဒေစိုးမိုးရေးများကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။