တရုတ်နိုင်ငံမှ အဝါရောင်ပင်လယ်-ဘိုဟိုင်ပင်လယ် ဆောင်းခိုငှက်များ နေထိုင်ရာနေရာ (Phase II) ကို ကမ္ဘာ့ အမွေအနှစ် အမည်စာရင်းတွင် ထည့်သွင်း

(GMT+08:00)2024-07-27 12:14:24  

ဒေသစံတော်ချိန် ဇူလိုင်လ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပခဲ့သော ၄၆ ကြိမ်မြောက် ယူနက်စကို (UNESCO) ကမ္ဘာ့ အမွေအနှစ် ညီလာခံတွင် တရုတ်နိုင်ငံမှ အဝါရောင်ပင်လယ်-ဘိုဟိုင်ပင်လယ် ဆောင်းခိုငှက်များ နေထိုင်ရာနေရာ (Phase II) ကို ကမ္ဘာ့ အမွေအနှစ် အမည်စာရင်းတွင် ထည့်သွင်းခဲ့သည်။

အဝါရောင်ပင်လယ်-ဘိုဟိုင်ပင်လယ် ကမ်းရိုးတန်းဒေသသည် ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်သော ဒေသများထဲမှ တစ်ခု ဖြစ်ပြီး ၎င်းသည် အရှေ့အာရှ-သြစတြေးလျ ဆောင်းခိုငှက်များ ရွှေ့ပြောင်း နေထိုင် ရေး လမ်းကြောင်း  (EAAF၊ ကမ္ဘာပေါ်တွင် ဆောင်းခိုငှက် အမျိုးအစား အများဆုံးရှိပြီး၊ ခြိမ်းခြောက်မှု ခံရသော ငှက် အမျိုးအစားလည်း အများဆုံး ဖြစ်သည့် ဆောင်းခိုငှက်များ ရွှေ့ပြောင်းနေထိုင်ရေး လမ်းကြောင်း) ထဲတွင် သော့ချက်ကျသော နေရာပင် ဖြစ်သည်။