၃၃ ကြိမ်မြောက် နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲကို ပါရီမြို့တွင်စတင်ကျင်းပ

(GMT+08:00)2024-07-27 11:48:15  

၃၃ ကြိမ်မြောက် နွေရာသီ အိုလံပစ် အားကစားပြိုင်ပွဲ၏ဖွင့်ပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပခဲ့သည်။

တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့တွင် လူပေါင်း ၇၁၆ ဦးရှိ ပြီး ယင်းတို့အနက် အားကစားသမား ၄၀၅ ဦး ပါဝင်ကာ ပွဲစဉ်ကြီးပေါင်း ၃၀ နှင့် ပွဲစဉ်ငယ်ပေါင်း၂၃၆ ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ နိုင်ငံရပ်ခြား အိုလံပစ်အားကစားပြိုင်ပွဲများတွင် ပါဝင်သောပွဲစဉ်ငယ်အရေအတွက် အများဆုံးဖြစ်သည်။

နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌ Bach က ဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ပြီး ပြင်သစ်သမ္မတ Macron က ၃၃ ကြိမ်မြောက် နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲဖွင့်လှစ်ကြောင်းကို ကြေညာခဲ့သည်။

ယခုအကြိမ်အိုလံပစ်အားကစားပြိုင်ပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ ကျော်မှ ကိုယ်စားလှယ်အဖွဲ့များနှင့် ဒုက္ခသည်များ ကိုယ်စားလှယ်အဖွဲ့မှ အားကစား သမား စုစုပေါင်း ၁၀၅၀၀ ဦးသည် ပွဲစဉ်ကြီး ၃၂ ပွဲ၊ ပွဲစဉ်ခွဲ ၄၅ပွဲ ၊ ပွဲစဉ်ငယ် ၃၂၉ ပွဲ တွင် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ပြီး အမျိုးသားနှင့် အမျိုးသမီး အားကစားသမားများ၏ အချိုးသည် ပထမဆုံးအကြိမ်1:1 ဖြစ်ပါသည်။