အမေရိကန်က နေတိုးနျူကလီးယားလက်နက်မရှိသော နိုင်ငံများ၏ ပိုင်နက်နယ်မြေတွင် နျူကလီးယားလက်နက်များ ဖြန့်ကျက်ချထားခြင်းသည် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ တည်ငြိမ်မှုကို ပျက်ပြားစေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2024-07-27 12:02:42  

ဇူလိုင်လ ၂၆ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပုံမှန် သတင်းစာ ရှင်းလင်းပွဲ ကို ကျင်းပခဲ့ရာ သတင်းထောက်တစ်ဦးက ၂၅ ရက်နေ့က တရုတ် လက်နက် ထိန်းချုပ် ရေးနှင့် လက်နက်လျှော့ချရေးအသင်းနှင့် တရုတ်နိုင်ငံ နျူကလီးယား မဟာဗျူဟာစီမံကိန်း သုတေသနဌာနချုပ်သည် "နေတိုးနျူကလီးယား အတူ မျှဝေခြင်း"အရေးနှင့်ပတ်သက်သော အစည်းအဝေးကို ကျင်းပခဲ့ပြီး "နေတိုး နျူကလီးယား အတူမျှဝေခြင်း"သည် နျူကလီးယားလက်နက်များ မပြန့်ပွားရေးသဘောတူစာချုပ်ကို ချိုးဖောက်ခြင်းဆိုင်ရာ လေ့လာရေးအစီရင်ခံစာကို ထုတ်ပြန်ခဲ့ ခြင်းအပေါ် မည်သည့် မှတ်ချက်ရှိသနည်းဟု မေးမြန်းခဲ့ပါသည်။

ထိုသို့ မေးမြန်းခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က နျူကလီးယားလက်နက်များမပြန့်ပွားရေး သဘောတူစာချုပ်သည် နျူကလီးယား လက်နက် များနှင့် ၎င်းတို့၏ ထိန်းချုပ်ခွင့်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် လွှဲပြောင်း ခြင်းအား အတိအလင်း တားမြစ်ထားကြောင်း၊ အမေရိကန်က နေတိုး နျူကလီးယား လက်နက်မရှိသော နိုင်ငံများ၏ ပိုင်နက်နယ်မြေတွင် နျူကလီးယားလက်နက်များ ဖြန့်ကျက် ချထားခြင်းသည် စာချုပ်၏ ပြဋ္ဌာန်းချက်များကို ထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်ပြီး ထင်ရှားသော နျူကလီးယားပြန့်ပွားခြင်း လုပ်ရပ်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ တည်ငြိမ်မှုကို ပျက်ပြားစေကြောင်း  ပြန်လည်ဖြေ ကြားခဲ့ပါသည်။