တရုတ်နိုင်ငံမှ Badain Jaran သဲကန္တာရ - သဲတောင်ရေကန် အုပ်စုကို ကမ္ဘာ့ အမွေအနှစ် အမည်စာရင်းတွင် ထည့်သွင်း

(GMT+08:00)2024-07-27 12:10:24  

ဒေသစံတော်ချိန် ဇူလိုင်လ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပခဲ့ သော ၄၆ ကြိမ်မြောက် ယူနက်စကို (UNESCO) ကမ္ဘာ့ အမွေအနှစ် ညီလာခံတွင် တရုတ် နိုင်ငံ မှ Badain Jaran သဲကန္တာရ-သဲတောင်ရေကန် အုပ်စုကို ကမ္ဘာ့ အမွေအနှစ် အမည်စာရင်းတွင် ထည့်သွင်းခဲ့သည်။

Badain Jaran သဲကန္တာရသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသရှိ မိုးခေါင် ရေရှား သော သမပိုင်းဒေသ Alxa ကုန်းမြင့်ဒေသ၌ တည်ရှိပြီး တရုတ်နိုင်ငံမှ ဒုတိယအကြီးဆုံး ရွေ့ လျား တတ်သော သဲကန္တာရ ဖြစ်ကာ ၎င်းတွင် သဲတောင်မြင့်များနှင့် တောင်ကြား ရေကန် များ အပါအဝင် သဲကန္တာရ ဝိသေသ ရှုခင်းများ စုစည်းပါဝင်နေသည့်အတွက် အစားထိုး ၍ မရ သော သဘာဝ အမွေအနှစ် တစ်ခုဖြစ် သည်။