"ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ" နိုင်ငံတကာ ဆွေးနွေးပွဲများ၏ ရုရှားသီးသန့်ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00)2024-07-27 11:54:22  

 

  ဒေသစံတော်ချိန် ဇူလိုင်လ ၂၆ ရက်နေ့က China Media Groupမှ ဦးစီးကျင်းပသော "ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများ" နိုင်ငံတကာ ဆွေးနွေးပွဲများ၏ ရုရှား သီးသန့် ဆွေးနွေးပွဲကို ရုရှားနိုင်ငံ မော်စကိုမြို့၌ အောင်မြင်စွာ ကျင်းပခဲ့သည်။

  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားခဲ့သည်။ ရုရှား ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ရုရှားနိုင်ငံတော် ဒူးမားအောက်လွှတ်တော် နိုင်ငံတကာရေးရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၁) နော်ဗီကော်ဗ် စသည့် ပုဂ္ဂိုလ်များသည် ဆွေးနွေးပွဲတွင် မိန့်ခွန်း ပြောကြားခဲ့ကြပါသည်။ ရုရှား မီဒီယာ၊ တတ်သိပညာရှင်များအဖွဲ့၊ စက်မှုနှင့် ကုန်သွယ်မှုလောကမှ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၅၀ ကျော် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

   ရှင့်ဟိုင်ရှုံက China Media Group သည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးအကြောင်းများကို အစဉ်တစိုက် မိတ်ဆက် ဖော်ပြပေးခဲ့ပြီး တရုတ်နှင့် ကမ္ဘာကြီးအကြား ကူးလူးဆက်ဆံဆွေးနွေးရေးနှင့် အပြန်အလှန် လေ့လာသင်ယူရေးဆိုင်ရာ ပေါင်းကူးတံတားကို တက်ကြွစွာ ခင်းကျင်းပေးနေခဲ့ကြောင်း၊ China Media Group အနေနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဌာနများ၊ နိုင်ငံအသီးသီးမှ တတ်သိပညာရှင်အဖွဲ့များနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ပြီး ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်းပေးသည့် အခွင့်အလမ်းများများကို အတူတိုင်ပင်ဆွေးနွေး မျှဝေလိုပါကြောင်း ပြောကြားခဲ့ပါသည်။