China Media Group မှ “China Red” 8K Ultra-high-definition ထပ်ဆင့်ထုတ်လွှင့် ပြသရေးကား ပဲရစ်တွင် စတင်အသုံးပြု

(GMT+08:00)2024-07-26 14:28:39  

ဒေသစံတော်ချိန် ဇူလိုင်လ ၂၅ ရက်နေ့က China Media Group မှ “China Red” 8K Ultra-high-definition (UHD) ထပ်ဆင့်ထုတ်လွှင့်ပြသရေးကား၏ စက်ကိရိယာများ တပ်ဆင်မှုနှင့် ထပ်ဆင့်ထုတ်လွှင့်ပြသမှုစနစ် နည်းပညာစမ်းသပ်မှုလုပ်ငန်းများကို ပဲရစ် Stade de France အားကစားကွင်းတွင် ပြုလုပ်ပြီးစီးပြီ ဖြစ်၍ အစီအစဉ်များ ထုတ်လုပ်ရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ကာ တရားဝင်စတင်အသုံးပြုခဲ့ပါသည်။ ၄င်းမှာ တိုကျိုအိုလံပစ်အားကစား ပွဲတော်ကျင်းပပြီးနောက် China Media Group မှ “China Red” 8K UHD ထပ်ဆင့်ထုတ်လွှင့်ပြသရေးကားသည် ပြည်ပတွင် Olympic Broadcasting Service Company (OBS) အတွက် ထပ်ဆင့်ထုတ်လွှင့်ပြသမှု နည်းပညာအဖွဲ့ အာမခံပေးရေးလုပ်ငန်းကို နောက်ထပ်အကြိမ် ထောက်ပံ့ပေးခြင်း ဖြစ်သကဲ့သို့ ပထမဆုံး အကြိမ် နွေရာသီအိုလံပစ်အားကစားပွဲတော်၏ 8K Public Signal ထုတ်လုပ်မှု တာဝန်ထမ်းဆောင်ခြင်းလည်း ဖြစ်ကာ ပဲရစ်အိုလံပစ်အားကစားပွဲတော် ကျင်းပစဉ် အတောအတွင်း တစ်ကမ္ဘာလုံး ပရိသတ်များအတွက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် အိုလံပစ် အားကစားပွဲတော်ပိတ်ပွဲအခမ်းအနား၏ 8K International Public Signal ကို ထောက်ပံ့ ပေးမည် ဖြစ်ပါသည်။
    ဇူလိုင်လ ၂၅ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ သည် ပဲရစ် Stade de France အားကစားကွင်းတွင် China Media Group မှ “China Red” 8K UHD ထပ်ဆင့်ထုတ်လွှင့်ပြသရေးကား၏ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ၊ ပင်မထုတ်လုပ်မှုဇုန်၊ ထပ်ဆင့်ထုတ်လွှင့်ပြသမှုနည်းပညာဇုန်စသည့်နေရာများကို စစ်ဆေးပြီး ထုတ်လုပ်ရေး၊ ထပ်ဆင့်ထုတ်လွှင့်ပြသရေးနှင့် နည်းပညာအဖွဲ့များမှ ဝန်ထမ်းများအား သွားရောက်ကြည့်ရှု ခဲ့ပါသည်။
    China Media Group မှ “China Red” 8K UHD ထပ်ဆင့်ထုတ်လွှင့်ပြသရေးကားကို ပဲရစ်မြို့တွင် တွေ့ရှိပြီးနောက် နိုင်ငံအသီးသီးမှ မိတ်ဆွေများ၏ ကြိုက်နှစ်သက်မှုနှင့် ကမ္ဘာ့မီဒီယာများ၏ အာရုံစိုက်မှုများ ခံခဲ့ရပါသည်။