တရုတ်ဟောင်ကောင်နှင့် ပီရူးနိုင်ငံတို့သည် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်ကို အပြီးသတ် ညှိနှိုင်းခဲ့

(GMT+08:00)2024-07-26 14:21:46  

တရုတ် နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသ နှင့် ပီရူးနိုင်ငံတို့သည် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်အတွက် မကြာသေးမီက စေ့စပ်ညှိနှိုင်းမှုများ ပြီးစီးခဲ့ကြောင်း ၊ သက်ဆိုင်ရာ သဘောတူညီချက်များတွင် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များ စသည့် ဆက်စပ် ကဏ္ဍများ အကျုံးဝင်မည်ဖြစ်ကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၏ ဘဏ္ဍာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Paul CHAN Mo-poကပြောကြားခဲ့သည်။

Paul CHAN Mo-poက ပီရူးအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသနှင့် ပီရူးနိုင်ငံတို့သည် ဇူလိုင်လ ၂၃ ရက်နေ့၌ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် ညှိနှိုင်းမှု ပြီးဆုံးခဲ့ကြောင်း၊ ယင်းသည် နှစ်ဖက်အကြား ကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံမှုများ ပိုမိုအားကောင်းစေရန်နှင့် နှစ်ဖက်ဆက်ဆံရေးကို မြှင့်တင်ပေးရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။