ပါလက်စတိုင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တရုတ်နိုင်ငံရဲ့ ကြိုးပမ်း ဆောင်ရွက် မှုများ ကို အီဂျစ်က ကြိုဆို

(GMT+08:00)2024-07-26 14:32:55  

ယခုလ ၂၅ရက်နေ့က အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဇာအီတယ်၏ လူမှုကွန်ယက်ပို့စ်မှာ ပါလက်စတိုင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တရုတ်နိုင်ငံရဲ့  ကြိုးပမ်းဆောင်ရွက်မှုများကို အီဂျစ်က ကြိုဆိုသည်ဟု ဖော်ပြခဲ့ကြောင်း သတင်းအရ သိရပါသည်။

ဇာအီတယ်က ပါလက်စတိုင်း၏ စည်းလုံးညီညွတ်မှုသည် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးအိပ်မက် အကောင်အထည် ဖော်ဆောင်ရေး အတွက် လွန်စွာအရေးပါကြောင်း ဖော်ပြခဲ့သည်။