ဖိလစ်ပိုင် ရေနံတင်သင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်ပွား ၊ လောင်စာဆီလီတာ ၁.၄ သန်း ယိုစိမ့်နိုင်

(GMT+08:00)2024-07-26 11:06:09  

မနီလာ ပင်လယ်အော်တွင် စက်မှုလောင်စာဆီ လီတာ ၁ ဒသမ ၄ သန်း တင်ဆောင်ထားသော ရေနံတင်သင်္ဘောတစ်စီးသည် ဇူလိုင်လ၂၅ ရက်နေ့ မနက်ပိုင်းက တိမ်းမှောက်သွားပြီး သင်္ဘောသားတစ်ဦးသေဆုံးကာ ကျန်သင်္ဘောသား ၁၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အကယ်၍ ယင်းရေနံတင်သင်္ဘောတွင် တင်ဆောင်ထားသော လောင်စာများ အားလုံး ယိုစိမ့် သွား ပါက ဖိလစ်ပိုင်နိုင်ငံသမိုင်းတွင် အကြီးမားဆုံး လောင်စာဆီ ယိုစိမ့်မှု အရေးအခင်း ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် ကမ်းခြေ စောင့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။