ဒေသစံတော်ချိန် ယခုလ ၂၄ ရက်နေ့က China Media Groupမှ ဦးစီးကျင်းပသော "ခေတ်သစ်တွင် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဘက်စုံဇောက်ချပြုလုပ်ရေးမှ ကမ္ဘာအတွက် ဆောင်ကြဉ်းလာသော အခွင့်အလမ်းများ" တစ်ကမ္ဘာလုံးဆွေးနွေးပွဲကို ဇမ်ဘီယာနိုင်ငံ လူဆာကာမြို့တော်၌ ကျင်းပခဲ့ သည်။ ၎င်းဆွေးနွေးပွဲတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် ဗီဒီယိုဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။
တရုတ်ပုံစံခေတ်မီရေးသည် အာဖရိကနိုင်ငံများအတွက် စည်ပင်ဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ယူဆောင်လာပြီး၊ သင်ယူရန် လမ်းကြောင်းတစ်ခု ပေး ဆောင်လာသည်ဟု ဧည့်သည်များက တညီတညွတ်တည်း ယူဆကြပါသည်။