တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီ အစည်း အဝေးကို ကျင်းပ

(GMT+08:00)2024-07-26 14:22:52  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီ အစည်းအဝေးကို ဇူလိုင်လ ၂၅ ရက်နေ့၌ ကျင်းပခဲ့ရာ ရေဘေးကြိုတင်ကာကွယ်ရေး၊ ခုခံရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လေ့လာစီမံခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် သည် အစည်းအဝေးကို ကြီးမှူး ကျင်းပပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။
    အစည်းအဝေး၌  ယခုနှစ်တွင် တရုတ်နိုင်ငံ၏ ရာသီဥတုအခြေအနေ မကောင်း ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုများပြားပြီး မြစ်ရေကြီးမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှု ကြိမ်ဖန်များစွာ ရှိခဲ့ပြီး ရေဘေးကြို တင် ကာကွယ်ရေးနှင့် ခုခံရေးအခြေအနေ ရှုပ်ထွေးလှကြောင်း၊ သက်ဆိုင်ရာဒေသနှင့် ရုံးဌာနများသည် ရေဘေး ကြိုတင်ကာကွယ်ရေးနှင့် ခုခံရေးကို အမြဲတမ်း တင်းတင်း ကျပ်ကျပ် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ခက်ခဲကြမ်းတမ်းသော ရေဘေး ကြိုတင် ကာကွယ်ရေးနှင့် ခုခံရေးများ ကို ပြတ်ပြတ်သားသားအနိုင်ယူရမည် ဖြစ်ကြောင်း ပြောကြား ခဲ့ ပါသည်။
    အစည်းအဝေးတွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုအာမခံပေးရေးကို အမြဲတမ်းဦးစားပေးလုပ်ဆောင်ရမည် ဖြစ်ပြီး လူသေဆုံးအနာတရဖြစ်မှုကို တတ်နိုင်သမျှ လျော့နည်းစေရမည် ဖြစ်ကြောင်း၊ အရေးကြီးသော ရေကာတာတမံနှင့် အခြေခံအဆောက် အအုံများ၏ လုံခြုံရေးကို အာမခံပေးရမည် ဖြစ်ကြောင်း၊ ရေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သိပ္ပံနည်းကျစွာ ထိန်းညှိရမည် ဖြစ်ပြီး Flood Detention Basin ၏ အသေးစိတ်အသုံးပြုမှုနှင့် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ရမည် ဖြစ်ကြောင်း၊ တောင်ပိုင်း ရေ ကို  မြောက်ပိုင်းဒေသသို့ ပို့ဆောင်ခြင်း၊ အနောက်ပိုင်းဓာတ်ငွေ့ကို အရှေ့ပိုင်းဒေသသို့ ပို့ဆောင်ခြင်း၊ မော်တော်ကားလမ်းနှင့် မီးရထားလမ်းစသည့် အရေးကြီးသော အခြေခံ အဆောက်အအုံများ၊ မြို့ပြမြေအောက်ဟင်းလင်းပြင်၊ တံတားနှင့် ဥမင်လိုဏ်ခေါင်းစသည့် အရေးကြီးသောနေရာများအပေါ် အန္တရာယ်ဖြစ်ပွားနိုင်ဖွယ်ရာများကို တစ်ဆင့်တက် စစ်ဆေးဖယ်ရှားပြီး အရေးပေါ်ဆောင်ရွက်ချက်များဖြင့် လုံခြုံစွာလည်ပတ်မှုကို အာမခံပေး ရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
    အစည်းအဝေးတွင် ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပြီး အလုံးစုံစီစဉ်မှုနှင့် ကြိုတင်ပြင်ဆင်မှုများကို မြှင့်တင်ရမည် ဖြစ်ကြောင်း အလေးထေားပြောကြားခဲ့ ပါသည်။