လွန်ခဲ့သောရက်အနည်းငယ်က China Media Group မှကျင်းပသော "ခေတ်သစ်တွင် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဘက်စုံဇောက်ချပြုလုပ်ရေးမှ ကမ္ဘာအတွက် ဆောင်ကြဉ်းလာသောအခွင့်အလမ်းများ " အထူးစားပွဲဝိုင်းဆွေးနွေးပွဲကို အီတလီ၊ ဂျာမနီနှင့် ပြင်သစ်တို့တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။ အီတလီ၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့မှ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရှင် လောက ဆိုင်ရာနှင့် မီဒီယာအသိုင်းအဝိုင်းများမှ ဧည့်သည်တော်များသည် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ အရေးပါပုံ၊ တရုတ်နှင့် ဥရောပယဉ်ကျေးမှုများအကြား အပြန်အလှန် သင်ယူဖလှယ်မှုနှင့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဘက်စုံဇောက်ချပြုလုပ်ရေးမှ တရုတ်-အီးယူ ပူးပေါင်းဆောင်ရွက်မှုအတွက် ဆောင်ကြဉ်းလာသော အခွင့်အလမ်းသစ်များ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
အီတလီတရားရေးဝန်ကြီးဟောင်း ၊ ရောမ တက္ကသိုလ် ဥပဒေပညာ ကောလိပ်ကျောင်း ကျောင်းအုပ်ကြီး အိုလီဗီရို ဒီလီဘယ်တို က ယနေ့ကမ္ဘာကြီးသည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပြီး နိုင်ငံအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုများ အရေးတကြီး လိုအပ်နေကြောင်း၊ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် တရုတ်စတိုင် ခေတ်မီရေးသည် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအတိုင်း လျှောက်လှမ်းသော ခေတ်မီရေးဖြစ်ကြောင်း အလေးပေး ပြော ကြားခြင်းသည် အရေးကြီးသော လက်တွေ့ကျသည့် အဓိပ္ပာယ်နှင့် နက်ရှိုင်းသော ဩဇာသက်ရောက်မှု ရှိကြောင်း ပြောကြားခဲ့ ပါသည်။